မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ မြန်မာများအတွက်သတင်းနှင့်အလုပ်ရှာဖွေေ၇းနှင့်နည်းပညာကဏ္ဍအစုံအလင်ကိုတက်နိုင်သမျှတင်ဆက်သွားမှာဖြစ်ပါတယပညာရေး/စီးပွာရေးနည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာဘလော့တစ်ခုအဖြစ်ရည်၇ွယ်ပါတယ်လိုအပ်ပါက kmyo99@gmail.com ကိုဆက်သွယ် နိုင်ပါသည်၊ဒီဆိုက်မှလင့်ခ်များပျက်ရှိပါကကျွန်တော့ကိုအကြောင်းကြားစေလိုပါသည်။ကျေးဇူးတင်ပါသည်။

Saturday, August 11, 2012

လွှင့်ပစ်ခဲ့တဲ့ အတိတ် ......

လွတ်ကျသွားခဲ့တဲ့ အိပ်မက်တစ်ချို့မှာ
စိမ်းစိမ်းစိုစိုသစ်ပင်တွေပါတယ် ….။
ခြောက်သွေ့သွားချိန်ဆို အနံ့မရှိတော့တဲ့
ခရေမဟုတ်တဲ့.. ဇွန်ပန်းတစ်ချို့ပါသွားတယ်..။
အော်ရေးရှားပင်အောက်က ခုံတန်းလေးတစ်ခုလဲပါတယ် ….။
မိုးရေစက်တစ်ချို့အောက်က
အရောင်ရင့်ရင့် အပွင့်နုတ်နုတ်ထီးလှလှလေးတွေပါတယ် ….။

အပြောကျယ်တဲ့ …ရေကန်ကြီးတစ်ခုပါတယ် ….။
ကဗျာမဆန်တဲ့ တောင်တက်လမ်းတစ်ချို့ပါတယ် ….။
ရယ်သံတစ်ချို့တစ်ဝက်ပါတယ် …။
ကျောင်းသီချင်းတစ်ချို့ လည်းပါတယ်..။
ငါ့စိတ်ထဲကနေ နင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့
ငါ့ရှေ့မှာ နင့်အကြောင်း စကားတစ်လုံးတောင် မဟတော့တဲ့
ဆိုးတူကောင်းဖက်သူငယ်ချင်းတွေပါတယ် ..။

ငါ့ကြောင့် နင်ကျခဲ့တဲ့ မျက်ရည်တစ်ချို့
နင်မသိတော့ပေမယ့် …တခါတခါ
ငါကျခဲ့တဲ့မျက်ရည်တစ်ချို့
အလွမ်းတွေကို စာမဖွဲ့ချင်တော့ဘူးလို့ စိတ်ကူးမိပေမယ့်
စိတ်ကူးတည့်တိုင်း ရေးမိတတ်တဲ့ အသည်းကွဲကဗျာတစ်ချို့........
ကမ္ဘာကြီးရဲ့တစ်ဘက်ဟိုအဝေးမှာ
ငါနင့်ကို မုန်းနေတယ် …………………………..။
မုန်းတယ်ဆိုကတည်းက မမေ့သေးလို့
မမေ့သေးတာကိုက ရှုံးနေပြီ … ဟုတ်တယ်..ငါရှုံးခဲ့တာဖြစ်မှာပါ …။
ဘ၀တစ်ခြားက နင် ..သိဖို့လည်းမလိုပါဘူးလေ …..။
by....snowmay

No comments:

Post a Comment

LinkWithin